Summary
Emperor of Steel (သံမဏိအင်ပါယာ)
ပြန်ဝင်စားတဲ့ Manhwa ချင်းတူတူ… ဒီတစ်ခုကျ ကိုယ့်ရှူးကိုယ်ပတ်တဲ့ ပြန်ဝင်စားခြင်းမျိုး…
သာမန်မှော်ပညာအဆင့်ထက်နိမ့်တဲ့ မှော်ဆရာလေး Seymon… သူက မှော်ကျမ်းသစ်တစ်ခုကိုပြုစုပြီး ရာထူးတိုးဖို့ မျှော်လင့်နေတာ.. ရာထူးတိုးရင် သူ့ချစ်သူ Katarina နဲ့ တော်ဝင်မြို့မှာ နှစ်ကိုယ်စာအိမ်လေး ဝယ်မယ်ပေါ့… သူပြုစုထားတဲ့ မှော်ကျမ်းစာသစ်ကို အထက်လူကြီးတွေက ကိုယ်ကျိုးအတွက်သုံးဖို့ကြံရင်း သူ့ချစ်သူကိုတောင် အပိုင်သိမ်းခဲ့ကြတယ်… အဲ့ဒီနောက် Seymon က ပြန်ခုခံတော့ အချုပ်ချခံလိုက်ရတယ်… ကောင်မလေးက သတ်သေ.. ရှင်ကွဲသေကွဲအဖြစ်ကို မခံစားနိုင်လို့ အချုပ်ထဲက Seymon က အောက်လမ်းပညာသုံးလိုက်တဲ့အခါ အတ္တကြီးတဲ့ တော်ဝင်မိသားစုက Seymon ကို နတ်ဆိုး/မိစ္ဆာဘုရင် ဆိုပြီး သုတ်သင်ဖို့အထိပါ ဖြစ်လာခဲ့တယ်…အဲ့ဒီနောက် သူရဲကောင်း Lakan ကို Seymon ကို သုတ်သင်ခိုင်းဖို့ စေလွှတ်ခဲ့တယ်..ဒါပေမဲ့ Seymon ကျရှုံးခဲ့ရတယ်… Seymon က သူသေခါနီး Lakan ကို ကျိန်စာတိုက်ခဲ့တယ်… နောင်နှစ်ပေါင်း ၅၀၀ လည်းကြာရော Seymon က သူကျိန်စာတိုက်ခဲ့တဲ့ Lakan မျိုးဆက်မှာ ပြန်ဝင်စားလာခဲ့တယ်.. အဲ့ဒီအဖြစ်ကို သိသိချင်းမှာပဲ တိုင်စပတ်တော့တာပဲ…