Summary
ရှေးရိုးစွဲဂိုဏ်းကို သစ္စာဖောက်ခဲ့တဲ့ ဂုယန်ချွန်းဟာ ကောင်းကင်ဘုံ နတ်ဆိုးရဲ့လက်အောက်က နတ်ဆိုးလူသား ဖြစ်လာပါတယ်
နတ်ဆိုးလူသားတစ်ယောက်အနေနဲ့ နေထိုင်လာရတာက သူ့အတွက် နောင်တရစရာကိစ္စ ဖြစ်လာခဲ့ပါတယ် သူဟာ သူ့ဆန္ဒကြောင့်မဟုတ်ပဲ ကောင်းကင်ဘုံနတ်ဆိုးရဲ့အမိန့်ကြောင့် ဆိုးဝါးတဲ့လုပ်ရပ်တွေကို ကျုးလွန်ခဲ့ပါတယ်
ကြီးမားတဲ့ ရှေးရိုး – နတ်ဆိုး စစ်ပွဲမှာ ဓါးအကြီးအကဲ သုံးယောက်ကိုတောင် ဒူးထောက်အောင် လုပ်နိုင်ခဲ့တဲ့ ကောင်းဘင်ဘုံနတ်ဆိုးကို သတ်လိုက်တဲ့ ဝီဆောလ်အာကျေးဇူးကြောင့် ဂုယန်းချွန်းဟာ ရှေးရိုးစွဲဂိုဏ်းရဲ့ အကျဉ်းသား ဖြစ်လာပြီး သူ့ရဲ့အပြစ်တွေအတွက် ခံစားခဲ့ရပါတယ်
သူရဲ့ ကျန်ရှိတဲ့ စွမ်းအားအနည်းငယ်နဲ့ ဝီဆောလ်အာကို နတ်ဆိုးဂိုဏ်းအကြောင်း သတင်းပေးလိုက်တဲ့အခါ ကောင်းဘင်ဘုံနတ်ဆိုးက သူ့ကို ချုပ်နှောင်ထားတဲ့ ကျိန်စာကြောင့် သေဆုံးသွားခဲ့ပါတယ်
အဲ့ဒီနောက် တစ်စုံတစ်ခုကြောင့် ဂုယန်ချွန်းဟာ ဝီဆောလ်အာနဲ့ ပထမဆုံးတွေ့ဆုံခဲ့နဲ့ အချိန်ကို ပြန်လည်ရောက်ရှိသွားခဲ့ပါတယ် အဲ့လိုမျိုးပြန်လည်ရောက်ရှိမှုက အိပ်မက်နေတာ မဟုတ်ကြောင်းကို သိရှိလိုက်ရတဲ့အခါမှာတော့ ဂုယန်ချွန်းဟာ ငြိမ်းချမ်းတဲ့ဘဝကို ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒါပေမယ့် သူရဲ့ အရင်ဘဝက ဆိုးရွားတဲ့ ကံကြမ္မာတွေဟာ တစ်ခုပြီးတစ်ခု ပြန်လည်ရောက်ရှိလာပြီး သူ့ကို ခြိမ်းခြောက်လာခဲ့ပါတယ်
Chit ko
နောက်ထပ်တင်ပေးပါအုံး မိုက်နေပြီး🤩🤩🤩
phyopyaepaing50@gmail.com
a
so