Summary
📖Shane Manga မှ တင်ဆကိသည်✅
The Cop
🖇Review ဖတ်ရန်📖
ရှင်းဟေစူးဆိုတဲ့ကောင်လေးတစ်ယောက် သူ့အဖေသေသွားတာကို သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတယ် သူ့အဖေသေသွားတဲ့ကိစ္စဟာ သွေးရိုးသားရိုးကိစ္စမဟုတ်မှန်း သိတဲ့ကောင်လေးဟာ သူ့အဖေကို သတ်သွားတဲ့တရားခံကို ဖမ်းဖို့အတွက် စုံစမ်းစစ်ဆေးရေးသမားတစ်ယောက်ဖြစ်အောင်လို့ ကြိုးစားခဲ့ပါတယ် သူဖြစ်ချင်တဲ့ စုံစမ်းစစ်ဆေးသမားတစ်ယောက်ဖြစ်ပေမဲ့ အကြွေးတွေပိနေခဲ့တယ် တစ်နေ့မှာတော့ သူငယ်ချင်းတွေနဲ့ ညစာတွေ့ဆုံစားပွဲကအပြန်မှာ သူ့ကားကို မောင်းဖို့ အဌားကားမောင်းသမားဝန်ထမ်းတစ်ယောက်ကို ခေါ်ခဲ့ပြီး ကားမောင်းသမားက အဌားဝန်ထမ်းအဖြစ် ဟန်ဆောင်ထားပြီး ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ရာ ရှင်းဟေစူးကို ဓါးနဲ့ သတ်ရန် ကြိုးပမ်းခဲ့တယ် ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ကြိုးစားရင်းနဲ့ အားအလွန်အကျွံသုံးမိလိုက်တာကြောင့် ကွင်းဆက်လူသတ်သမားကို ဆေးရုံတင်လိုက်ရပါတယ် အဲ့အမှုနဲ့ ထောင်ဒဏ်၃နှစ် ကျခံခဲ့ရတယ် ထောင်ထဲမှာ မျှော်လင့်ချက်တွေကင်းမဲ့နေပြီး ထောင်သားအချင်းချင်း အနိုင်ကျင့်ခံရပြီး ရန်ပွဲဖြစ်နေကြချိန်မှာ “ငါ့ဘဝက မပြီးသေးဘူး”လို့ စဥ်းစားလိုက်တဲ့အချိန်မှာတော့ ထူးဆန်းစွာနဲ့ဘဲ သူ အတိတ်ကို ပြဿနာတွေမဖြစ်ခင် အစကနေ အသစ်ပြန်ရောက်သွားခဲ့တယ် ….